စိတ်လက်ပေါ့ပါးပြီး လန်းဆန်းတဲ့ နေ့ရက်တွေဆိုတာ

"စိတ်လက်ပေါ့ပါးပြီး လန်းဆန်းတဲ့ နေ့ရက်တွေဆိုတာ....
ကိုယ်တိုင်ပျော်ရွှင်ဘို့ထက် အများအတွက် လုပ်ပေးရတဲ့ အခါ
ရလိုက်တဲ့ အချိန်တွေလိုပေါ့....အစစ်အမှန်ပျော်ရွှင်ရခြင်းလို့လည်း အမည်တပ်နိုင်ပါတယ်..."

Sunday, March 15, 2015
Posted by ipanema myanmar

Workaholic or Lifeaholic?

Workaholic or Lifeaholic?
...
(၁)
Workaholics တွေက ဘ၀ဆိုတာ ကြီးကျယ်တဲ့ပြသနာတစ်ရပ်လို့မြင်တယ်
Lifeaholics တွေကတော့ ဘ၀ဆိုတာ လျှို့ ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ်လက်ဆောင်လို့ ခံယူကြတယ်
..
(၂)
Workaholics တွေရဲ့လုပ်ငန်းခွင်ပြင်ပမှာတော့ အပေါ်ယံခင်မင်ရင်းနှီးမှုတွေပဲ ရှိနေတတ်တယ်။
Lifeaholics တွေကတော့ နက်ရိုင်းတဲ့ ခင်မင်ရင်းနှီးမှုတွေရှိနေခြင်းဟာ အကြီးကျယ်ခမ်းနားဆုံးသော ရတနာပိုင်ဆိုင်ရခြင်းလို့ခံယူကြတယ်
..
သင်ဆိုရင်ရော ဘာရွေးမလဲ ?

အလုပ်တစ်ခုကိုပဲ ပြင်းပြင်းထန်ထန်အာရုံထားမလား
အလုပ်နဲ့ ဘ၀ရဲ့ ကြည်နူးစရာတွေကို မျှတသေသပ်စွာဖန်တီးယူမလား
..
.... The choice is yours…
Posted by ipanema myanmar

Ipanema အလှူ ရှင်များ ကိုယ်စား ငွေကျပ် သိန်း၃၀ တိတိလှူဒါန်းခဲ့ပါသည်။

Dream Maker (One Sandal...One Dream)
.......
One sandal , One Dream ... Dream Maker Campaign" တွင်
အားပေးခဲ့ကြသော Ipanema အလှူ ရှင်များ ကိုယ်စား ငွေကျပ် သိန်း၃၀ တိတိကိုလှိုင်သာယာမြို့ အလယ်ရွှာရှိ အောင်ဇေယျာမင်း မိဘမဲ့ပရဟိတ၊ ဘုန်းတော်ကြီးပညာရေးကျောင်းသို့ ၂၅.၂.၂၀၁၅ တွင် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
...
မိဘမဲ့နှင့် ချို့တဲ့ကျောင်းသားကျောင်းသူပေါင်း (၂၀၀၀) ကျော် ပညာရည်စို့လျှက်ရှိသော ပရဟိတကျောင်းအတွက် လိုအပ်နေသောရေကန် နှင့် ရေထွက်မြောင်း၊မြောင်းဖုံးတို့ပြုလုပ်ရန်အတွက် လှုဒါန်းပေးခဲ့ပါကြောင်းနှင့် ပူးပေါင်းပါဝင်လှူဒါန်းပေးသည့် Ipanema ချစ်သူများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါသည်။
..
ရေကန်ပြီးစီးသည့်နောက် မတ်လ ဒုတိယအပတ် အလှုပြုလုပ်သည့်နေ့မှာ ဖျော်ဖြေရေး၊ပညာရေး နှင့် အခြားထောက်ပံ့ ပစ္စည်းများကို ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်းနှင့် လိုက်ပါလိုသူများ Message Box မှတစ်ဆင့် ဆက်သွယ်ရန် အချက်အလက်များ ပေးပို့နိုင်ပါသည်။
...
ကလေးသူငယ်များအတွက်လှူဒါန်းခြင်းတွင် ကလေးကစားစရာပစ္စည်းများ၊ စာအုပ်စာပေများ၊ အ၀တ်အထည်များ ကိုလည်း ထပ်မံလှူဒါန်းသွားမည်ဖြစ်ရာ မည်သူမဆိုပူးပေါင်းပါဝင်နိုင်ပါသည်။ အထူးအနေဖြင့် ကလေးသူငယ်များအတွက် မည်ကဲ့သို့သော စာအုပ်အမျိုးအစားများ၊ ရုပ်ရှင်ဇာတ်လမ်းများ၊ ပညာရေးအစီအစဉ်များ ပြုလုပ်သင့်ကြောင်းကို အကြံဥာဏ်များမျှဝေပေးကြပါလို့တိုက်တွန်းပါရစေ။



Ipanema ချစ်သူများပျော်ရွှင်ချမ်းမြေ့ကြပါစေ....
Friday, February 27, 2015
Posted by ipanema myanmar

မိုးရေစက်ကလေးတွေအများကြီးရရင် ကန်ရေပြည့်သလိုပေါ့

မိုးရေစက်ကလေးများအများကြီးစုမိတဲ့အခါ ကန်ရေပြင်တစ်ခုလုံးပြည့်သွားသလိုပေါ့....
Ipanema Myanmar မှ လိုအပ်ချက်များစွာရှိနေတဲ့ အောင်ဇေယျာမင်းမိဘမဲ့ပရဟိတ ကျောင်းသို့ သွားရောက်လှူ ဒါန်းမည့် အစီအစဉ်လေးတစ်ခုရှိပါတယ်။
Ipanema Myanmar ၏ဖိနပ်ဆိုင်များမှမည်သည့်အမျိုးအစားကိုပဲဝယ်ဝယ်
အဲဒီဝယ်ယူမှုသည် လှူ ဒါန်းမှုတစ်ခုတွင် အလိုလိုပါဝင်ပြီးသားဖြစ်ပါသည်။
ဝယ်ယူလိုက်သော ဖိနပ်တစ်ရံ၏တန်ဖိုးသည် ၁၃၈၀၀ ကျပ်ကျသင့်ပါက ၀ယ်ယူသူ ပေးချေလိုက်သော ငွေ ၁၃၈၀၀ ကျပ်၏ အစွန်းထွက် ငွေ ၈၀၀ ကျပ်ကို Ipanema Myanmar မှ စုစည်းသိမ်းဆည်းကာ မိဘမဲ့ကျောင်းသို့ သွားရောက်လှူ ဒါန်းခြင်း၊ အသိပညာဗဟုသုတပေးခြင်း နှင့် ဖျော်ဖြေခြင်းများပြု လုပ်သွားမည်ဖြစ်ပါသည်။
မိုးရေစက်ကလေးများအများကြီးစုမိတဲ့အခါ ကန်ရေပြင်တစ်ခုလုံးပြည့်သွားသလိုပေါ့။
အစွန်းထွက်ငွေပမာဏအနည်းငယ်စီကို စုစည်းလိုက်တဲ့အခါမှာတော့
မိဘမဲ့ကျောင်းလေးအတွက် လိုအပ်ချက်အချို့  ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ဒီ့အတွက် Ipanema Myanamr ချစ်သူပရိတ်သတ်များ၏ မေတ္တာတရားများနှင့် လိုအပ်ချက် အဆင်မပြေမှုတွေနဲ့ ကလေးငယ်လေးတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုက်ကြရအောင်လို့ တိုက်တွန်းလိုက်ပါတယ်။

Thursday, February 19, 2015
Posted by ipanema myanmar

အစွန်းထွက်လျှော့ငွေမှသည် ကလေးငယ်များဆီသို့

Dream Maker CSR Campaign
===
“အစွန်းထွက်လျှော့ငွေများစုဆောင်းခြင်းမှသည်…..ကလေးသူငယ်များ၏ အနာဂတ်အိမ်မက်များကို ထုဆစ် ပုံဖေါ်ပေးရန်ဖြစ်ပါသည်။”
အစွန်းထွက်လျှော့ငွေ ရယူရန်မှာ Ipanema, Rider, Cartago, Grendha, Zaxy မည်သည့်ဖိနပ်မဆို တစ်ရံဝယ်ယူပါက ၀ယ်ယူသူပေးချေသောငွေ ၁၃,၈၀၀/- ကျပ်ဆိုလျှင် ၈၀၀ အစွန်းကို ကုမ္ပဏီမှ စုဆောင်း၍လှူဒါန်းမည်ဖြစ်ပါသည်။ အကယ်၍ ၁၃,၈၀၀/-ကျပ် ၀ယ်ယူပြီးနောက် ၀ယ်သူမှ ပြန်အမ်းငွေ ၂၀၀ ကျပ်ကို လှုဒါန်းမည်ဆိုပါက ပါဝင်နိုင်ပါသည်။
...
အစီအစဉ်ကြောင့် မိမိအလိုရှိနှစ်သက်ရာ ဖိနပ်အမျိုးအစားကိုရွေးချယ်ဝယ်ယူခြင်းဖြင့် လှူဒါန်းမှုတစ်ခုတွင်အလိုလို ပူးပေါင်းပါဝင်ပြီးဖြစ်မည်ဖြစ်ပါသည်။
...
ကနဦးအနေဖြင့် သွားရောက်လှူဒါန်းခြင်းအပြင် အသိပညာဗဟုသုတများမျှဝေခြင်း တေးသီချင်းများသီဆိုဖျော်ဖြေခြင်းနှင့်
ပျော်စရာဂိမ်းကစားနည်းအစီအစဉ်များကို လှိုင်သာယာမြို့ အလယ်ရွာရှိ
အောင်ဇေယျာမင်းမိဘမဲ့ပရဟိတကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။
ကျောင်းတွင် မိဘမဲ့များ ၊ဆင်းရဲချို့တဲ့သူများ၊ ကိုရင်ငယ် ၊ သီလရှင်ငယ်များ အစရှိသဖြင့် ကျောင်းသားပေါင်း (၂၀၀၀) ကျော်ပညာရည်စို့လျှက်ရှိပါတယ်။
..
အသေးစိတ်အစီအစဉ်များကိုထပ်မံဖော်ပြပေးသွားပါမယ်။

Posted by ipanema myanmar

အောင်ဇေယျာမင်း မိဘမဲ့ပရဟိတကျောင်း



Ipanema Myanamr မှ သွားရောက်လှူဒါန်းခြင်းအပြင်၊ ကလေးများကို
 ပျော်ရွင်မှုများဖန်တီးပေးနိုင်မည့် အခြား activities များသွားရောက်ပြုလုပ်မည့်    
အောင်ဇေယျာမင်း မိဘမဲ့ပရဟိတကျောင်း အကြောင်းကို မျှဝေပေးပါရစေ။

အောင်ဇေယျာမင်း မိဘမဲ့ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးမူလွန်ကျောင်းကို       ဆရာတော်ဘဒ္ဒ န္တဇေယျာနန္ဒ မှ ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီး အဖြစ် 
တည်ထောင်ခဲ့ပါတယ်။ အရိပ်အာဝါသကောင်းမွန်သော 
ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင်  အစိုးရကျောင်း     
 မနေနိုင်သော ကျောင်းသား/သူပေါင်း (၂၀၀၀) ကျော်တို့   
ပညာသင်ကြားလျှက်ရှိပါသည်။  ထို့အပြင် နာဂစ်ဒေသများဖြစ်ကြသော 
လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ တွံ့တေး၊ မော်ကျွန်းအစရှိသောမြို့များမှ   
အလယ်တန်းအောင်မြင်ပြီး အထက်တန်းဆက်လက်မတက်နိုင်ကြသော
 ကျေးလက်နေကလေးငယ် (၂၀၀) ကျော်နှင့် ရဟန်း/သာမဏေ ၊ သီလရှင်ဆရာကြီး/ဆရာလေး၊ ကျောင်းသားကျောင်းသူ (၈၀၀) ကျော်တို့၏ 
စားဝတ်နေရေး၊ ကျန်းမာရေးနှင့်၊ ပညာရေးတို့ကိုလည်း 
တာဝန်ယူစောင့်ရှာက်ပေးလျှက်ရှိပါသည်။ 

ငွေပင်ငွေရင်း ကျောထောက်နောက်ခံအားနည်းမှု ၊ တိုးတက်များပြားလာနေသော   မိဘမဲ့ဆင်းရဲနွမ်းပါး ကျောင်းသား/သူတို့အတွက် လိုအပ်သောအဆောက်အဦးနှင့်
 အမျိုးသမီးအိပ်ဆောင် မလုံမလဲဖြစ်နေခြင်းများရှိပါသည်။

 ကျောင်းအသုံးအဆောင်ပရိဘောကများ မပြည့်စုံမှုကြောင့်လည်း စာသင်ကြားမှုများ  အဟန့်အတားမဖြစ်စေရန် အဆင်သင့်သလိုအောင်မြင်အောင် ကြိုးပမ်းနေရလျှက်ရှိပါသည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ ဆက်လက်ရပ်တည် လည်ပတ်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာလည်း ဆရာ/ဆရာမများ၏ လစာငွေဖြစ်ပါသည်။

Ipanema Myanmar မှမိဘမဲ့ကလေးငယ်များ၏နားခိုရာ အောင်ဇေယျာမင်းပရဟိတကျောင်းသို့ လှူဒါန်းခြင်းအပြင်၊ ကလေးများကို ပျော်ရွင်မှုများဖန်တီးပေးနိုင်မည့် အခြား activities များသွားရောက်ပြုလုပ်မည်ဖြစ်ပါသည်။ Ipanema Myanmar ၏ customers များပါ ပူးပေါင်းပါဝင်နိုင်ရန်အတွက် CSR အစီအစဉ်များ စီစဉ်ထားရှိပါသည်။
ipanema myamar CSR Program
Ipaneam Myanmar- CSR Program (အောင်ဇေယျာမင်း မိဘမဲ့ပရဟိတကျောင်း)

Sunday, February 8, 2015
Posted by ipanema myanmar

ကမ်းခြေကပေးတဲ့စွမ်းအားများ

ကမ်းခြေတစ်ခုဆီသို့ခရီးထွက်ရာတွင် အကျိုးရှိစေမည့် အကြောင်းအရာများကို
Ipanema Myanmar  ဖော်ပြပေးလိုက်ပါတယ်။
.............
စိတ်ဖိစီးမှုတွေဖြေပျောက်ချင်တယ်ဆိုရင်တော့ အနားယူအပန်းဖြေရမှာပေါ့။ စိတ်ဖိစီးမှုတွေဟာ မိမိရဲ့ ခန္တာကိုယ် (သို့) စိတ်ဥတု အပေါ် မှီခိုဖြစ်တည်နေတယ်ဆိုရင်တော့ မည်သည့်ကိစ္စတစ်ခုခုကိုမှ စတင်မလုပ်ကိုင်သေးပဲ အရာအားလုံးကို ခေတ္တခဏ shut down လုပ်ဖို့ အချိန်ယူလိုက်ပါ။ ဒါမှလည်း တစ်ကိုယ်ရည် ကျန်းမားပျော်ရွှင်ခြင်းအတွက် အထောက်အကူပြုမှာပေါ့။
.......
ဒါပြီးရင်တော့ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေမယ့်
နေရာလေးတစ်ခုကို ရှာဖွေဖို့လိုပါတယ်။ ခရီးထွက်အပန်းဖြေအနားယူမယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေနဲ့ကင်းလွတ်ရာ၊ ဖိအားတွေရဲ့ဝေးရာကို ပို့ပေးနိုင်တာဟာ ကမ်းခြေတွေပါပဲ။ ကမ်းခြေတွေဆီသို့ ခရီးထွက်အပန်းဖြေခြင်းဟာ သဘာဝတရားကပေးထားတဲ့ အကျိုးကျေးဇူးတွေ အပြည့်အ၀ရရှိနိုင်ဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့
......
(၁) မိမိရဲ့ ခန္တာကိုယ်အရေပြားနဲ့ သဲသောင်ပြင်တို့ ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားမှုလေးပါ။
မိမိရဲ့ခြေချောင်းလေးတွေ ခြေထောက်တွေကို ကမ်းခြေကသဲသောင်ပြင်ထဲ ထိုးနှစ်ထားလိုက်တဲ့အခါ ကိုယ်ခန္တာကနေ (sense of satisfaction) လို့ခေါ်တဲ့ အာရုံခံစားမှုကိုစိတ်ကျေနပ်မပေးနိုင်တဲ့ စွမ်းအင်တွေ ထွက်ပေါ်လာပါတယ်တဲ့။ အဲဒီခံစားချက်ကလည်းတခြားဘာနဲ့မှ မတူဆန်းပြားပါတယ်။
........
(၂) လှိုင်းလုံးတွေက ကျောက်ဆောင်တွေ၊ ကမ်းစပ်တွေကိုထိတွေ့ ရိုက်ခတ်တဲ့အသံလေးပါ။ လူအများစုကတော့ websites တွေ CDs တွေကိုအသံတွေကို
ပြန်လည်ဖန်တီးပုံဖော်ဖို့အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒီသဘာဝတရားကပေးတဲ့ တေးဂီတသံကတော့ လူသားတိုင်း လူသားတိုင်း နက်နက်ရိုင်းရိုင်း နဲ့ လွတ်လပ်စွာစီးမျောနိုင်တဲ့ ခံစားချက်အစစ်အမှန်တွေကို ကမ်းခြေတွေက ပေးစွမ်းနိုင်ပါတယ်။
.....
(၃) သဘာဝတရားအစစ်အမှန်တွေနဲ့ လွတ်လပ်နီးကပ်စွာ တည်ရှိနေခြင်းကလည်း လူသားတွေအတွက် ကမ္ဘာကြီးနှင့်ပိုမိုတစ်သားတည်းဖြစ်စေပြီး ဦးနှောက်ကို စိတ်ညစ်ညူးစရာတွေနဲ့ဝေးရာပို့ပေးပါတယ်။ ကမ်းခြေတွေမှာနေထိုင်အပန်းဖြေရတာ ကျေးငှက်ကလေးတွေ၊ ငါးလှလှလေးတွေ၊ seashells နဲ့ အခြားတောတွင်း တိရိစ္ဆာန်လေးတွေနဲ့အတူ ကမ်းခြေလေးတစ်ခုထဲမှာနေထိုင်ရတယ်ဆိုတဲ့ စိတ်ခံစားချက်လေးရနိုင်ပါတယ်။ ဒီလိုသဘာဝတရားစစ်စစ်တွေနဲ့ နီးနီးကပ်ကပ် ပြန်လှန်ထိတွေ့ဆက်သွယ် ခွင့်ရတဲ့ခံစားချက်က စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေလို့ ထွေးပွေ့ပြုလုပ်သင့်တဲ့အရာတစ်ခုပါပဲ။
.....
ကဲ….ကမ်းခြေတွေဆီသို့ခရီးထွက်ကြပါစို့။ 

refs:http://www.puckermob.com/lifestyle/the-power-of-the-beach-3-reasons-the-beach-is-the-best-place-to-relieve-stress
Ipanema Myanamr- ကမ်းခြေကပေးတဲ့စွမ်းအားများ
Posted by ipanema myanmar

Popular Post

Blogger templates

Powered by Blogger.

- Copyright © Ipanema Myanmar -Metrominimalist- Powered by Blogger - Designed by Johanes Djogan -