- Back to Home »
- Ipanema အလှူ ရှင်များ ကိုယ်စား ငွေကျပ် သိန်း၃၀ တိတိလှူဒါန်းခဲ့ပါသည်။
Dream Maker (One Sandal...One Dream)
.......
One sandal , One Dream ... Dream Maker Campaign" တွင်
အားပေးခဲ့ကြသော Ipanema အလှူ ရှင်များ ကိုယ်စား ငွေကျပ် သိန်း၃၀
တိတိကိုလှိုင်သာယာမြို့ အလယ်ရွှာရှိ အောင်ဇေယျာမင်း မိဘမဲ့ပရဟိတ၊
ဘုန်းတော်ကြီးပညာရေးကျောင်းသို့ ၂၅.၂.၂၀၁၅ တွင် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
...
မိဘမဲ့နှင့် ချို့တဲ့ကျောင်းသားကျောင်းသူပေါင်း (၂၀၀၀) ကျော်
ပညာရည်စို့လျှက်ရှိသော ပရဟိတကျောင်းအတွက် လိုအပ်နေသောရေကန် နှင့်
ရေထွက်မြောင်း၊မြောင်းဖုံးတို့ပြုလုပ်ရန်အတွက် လှုဒါန်းပေးခဲ့ပါကြောင်းနှင့်
ပူးပေါင်းပါဝင်လှူဒါန်းပေးသည့် Ipanema
ချစ်သူများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါသည်။
..
ရေကန်ပြီးစီးသည့်နောက် မတ်လ ဒုတိယအပတ် အလှုပြုလုပ်သည့်နေ့မှာ
ဖျော်ဖြေရေး၊ပညာရေး နှင့် အခြားထောက်ပံ့ ပစ္စည်းများကို
ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်းနှင့် လိုက်ပါလိုသူများ Message Box မှတစ်ဆင့်
ဆက်သွယ်ရန် အချက်အလက်များ ပေးပို့နိုင်ပါသည်။
...
ကလေးသူငယ်များအတွက်လှူဒါန်းခြင်းတွင် ကလေးကစားစရာပစ္စည်းများ၊
စာအုပ်စာပေများ၊ အ၀တ်အထည်များ ကိုလည်း ထပ်မံလှူဒါန်းသွားမည်ဖြစ်ရာ
မည်သူမဆိုပူးပေါင်းပါဝင်နိုင်ပါသည်။ အထူးအနေဖြင့် ကလေးသူငယ်များအတွက်
မည်ကဲ့သို့သော စာအုပ်အမျိုးအစားများ၊ ရုပ်ရှင်ဇာတ်လမ်းများ၊
ပညာရေးအစီအစဉ်များ ပြုလုပ်သင့်ကြောင်းကို
အကြံဥာဏ်များမျှဝေပေးကြပါလို့တိုက်တွန်းပါရစေ။
Ipanema ချစ်သူများပျော်ရွှင်ချမ်းမြေ့ကြပါစေ....