- Back to Home »
- CSR (Ipanema Myanmar) »
- အောင်ဇေယျာမင်း မိဘမဲ့ပရဟိတကျောင်း
Posted by : ipanema myanmar
Sunday, February 8, 2015
Ipanema Myanamr မှ သွားရောက်လှူဒါန်းခြင်းအပြင်၊ ကလေးများကို
ပျော်ရွင်မှုများဖန်တီးပေးနိုင်မည့် အခြား activities များသွားရောက်ပြုလုပ်မည့်
အောင်ဇေယျာမင်း မိဘမဲ့ပရဟိတကျောင်း အကြောင်းကို
မျှဝေပေးပါရစေ။
အောင်ဇေယျာမင်း မိဘမဲ့ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးမူလွန်ကျောင်းကို
ဆရာတော်ဘဒ္ဒ န္တဇေယျာနန္ဒ မှ ဦးစီးပဓာနနာယက
ဆရာတော်ဘုရားကြီး အဖြစ်
တည်ထောင်ခဲ့ပါတယ်။ အရိပ်အာဝါသကောင်းမွန်သော
ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် အစိုးရကျောင်း
မနေနိုင်သော ကျောင်းသား/သူပေါင်း
(၂၀၀၀) ကျော်တို့
ပညာသင်ကြားလျှက်ရှိပါသည်။ ထို့အပြင် နာဂစ်ဒေသများဖြစ်ကြသော
လပွတ္တာ၊ ဖျာပုံ၊
ဘိုကလေး၊ တွံ့တေး၊ မော်ကျွန်းအစရှိသောမြို့များမှ
အလယ်တန်းအောင်မြင်ပြီး အထက်တန်းဆက်လက်မတက်နိုင်ကြသော
ကျေးလက်နေကလေးငယ် (၂၀၀)
ကျော်နှင့် ရဟန်း/သာမဏေ ၊ သီလရှင်ဆရာကြီး/ဆရာလေး၊ ကျောင်းသားကျောင်းသူ (၈၀၀) ကျော်တို့၏
စားဝတ်နေရေး၊ ကျန်းမာရေးနှင့်၊ ပညာရေးတို့ကိုလည်း
တာဝန်ယူစောင့်ရှာက်ပေးလျှက်ရှိပါသည်။
ငွေပင်ငွေရင်း ကျောထောက်နောက်ခံအားနည်းမှု ၊ တိုးတက်များပြားလာနေသော မိဘမဲ့ဆင်းရဲနွမ်းပါး
ကျောင်းသား/သူတို့အတွက် လိုအပ်သောအဆောက်အဦးနှင့်
အမျိုးသမီးအိပ်ဆောင် မလုံမလဲဖြစ်နေခြင်းများရှိပါသည်။
Ipanema Myanmar မှမိဘမဲ့ကလေးငယ်များ၏နားခိုရာ အောင်ဇေယျာမင်းပရဟိတကျောင်းသို့
လှူဒါန်းခြင်းအပြင်၊ ကလေးများကို ပျော်ရွင်မှုများဖန်တီးပေးနိုင်မည့် အခြား
activities များသွားရောက်ပြုလုပ်မည်ဖြစ်ပါသည်။ Ipanema Myanmar ၏ customers များပါ
ပူးပေါင်းပါဝင်နိုင်ရန်အတွက် CSR အစီအစဉ်များ စီစဉ်ထားရှိပါသည်။
ipanema myamar CSR Program
ipanema myamar CSR Program
Ipaneam Myanmar- CSR Program (အောင်ဇေယျာမင်း မိဘမဲ့ပရဟိတကျောင်း) |